Motivation

နာယကဂုဏ် (၆) ပါး

နာယကဂုဏ် (၆) ပါး

နာယကဂုဏ် ခြောက်ပါးဆိုသည်ကတော့ လူအတော်များများသိပြီးလည်း ဖြစ်ပါသည်။ သို့သော်ဤသည်လည်း အရေးကြီး သည့်အတွက်ကြောင့် ပုံသာဓကအနည်းငယ်ထုတ်နုတ်ပြီး တင်ပြလိုပါသည်။ ”ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း” ဆိုသည့် လင်္ကာလေးသည်လည်း လူတိုင်း၏ နှုတ်ဖျား၌ ရနေပြီး၊ သိနေပြီးသည့် လင်္ကာလေးဖြစ်ပါသည်။
ထကြွခြင်းဆိုသည် လုံ့လဝီရိယကို ခေါ်ဆိုခြင်းဖြစ်သည်။ အမြဲတမ်းအားသွန်ခွန်စိုက်ရှိနေဖို့ ဖြစ်သည်။ နိုင်ငံတစ်ခုဖော်ဆောင် ရာမှာ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတည်ထောင်ရာမှာဖြစ်စေ၊ လုပ်ငန်းခွင်တစ်ခုခုမှာဖြစ်စေ ခေါင်းဆောင်လုပ်သည့် သူသည် အမြဲ တမ်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ထထကြွကြွ၊ တက်တက်ကြွနှင့်ကိုယ်တိုင်ပါဝင်ဆောင်ဖို့ လိုပါသည်။ အပေါ်ကနေပြီး တစ်မိန့် တစ်အာဏာနှင့် ခိုင်းရုံမျှနှင့် မလုံလောက်ပေ။ ကိုယ်တိုင်တက်ကြွစွာ၊ လုံ့လဝီရိယစိုက်ထုတ်ကာ ဖော်ဆောင်မှသာလျှင် အောင်မြင်သော အခြေအနေများကို ပုံဖော်နိုင်ပါလိမ့်မည်။
ထို့အတူ နိုးနိုးကြားကြား ရှိနေဖို့လည်း အလွန်လိုအပ်သည်။ နိုးနိုးကြားကြားဆိုသည်မှာ ခေတ်အခြေအနေကို သိမြင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ လေ့လာခြင်းမျိုးဖြင့် အခြားသူများ ဘာလုပ်နေသည်ကို အမြဲတမ်းလေ့လာစောင့်ကြည့်ရင်း နိုးကြားနေရမည်။ သို့မဟုတ် မိမိ၏ တိုင်းပြည်အတွင်းရှိ ပြည်သူပြည်သားများ၏ အရေးကို အမြဲတမ်းလေ့လာစောင့်ကြည့်ရင်း နိုးနိုးကြားကြားရှိနေ ရမည်။ အန္တရာယ်မျိုးစုံအောက်မှာ ကျရောက်နေလျှင်လည်း ဘာများ ကူညီမှုပေးရမည်ဆိုသည်ကို လေ့လာရမည်။ ကူညီနိုင်ရမည်။ သနားကြင်နာမှုများဖြင့် ဘဝတစ်ခုလုံးကို ကိုယ့်လက်အောက်ငယ်သားများ၏ အခွင့်အရေးများစွာအတွက် အသုံးချနိုင်သူဖြစ်နေရပါမည်။ ငါလုပ်နိုင်သည်ဆိုသည့် မာနစိတ်ဖြင့် မိမိလုပ်ရပ်ကို ဂုဏ်ယူနေစရာ မလို၊ ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးသွားပါလိမ့်မည်။ လော ကဓံများနှင့် ကြုံတွေ့သည့်အခါမှာလည်း သည်းခံနိုင်ရမည်။ အများအတွက်ဆိုသည့် စိတ်ဓာတ်ဖြင့် ဦးဆောင်နိုင်ရမည်။ ဖြစ်ပေါ်လာသည့် အန္တရာယ်မျိုးစုံ၏ လာရာ လမ်းကို သိရမည်။ ဘယ်လိုဖြေရှင်းရမည်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်သည့် စူးစမ်းလေ့လာမှု အားကောင်း ရမည်။ အစစအရာရာသိမြင်အောင် လုပ်ဆောင်ပြီး စာနာထောက်ထားမှု၊ ကြည့်ရှုစောင်မမှုဖြင့် ကူညီနိုင်ရမည်။ သည်နှစ်မှာ ကမ္ဘာနှင့်အဝန်း မိုးတွေ ကြီးသည်။ ပြည်သူတွေ အတိဒုက္ခရောက်ကြသည်။ ဒါတွေကို အကူအညီပေးနိုင်ရမည်။ လိုအပ်သည့် နေရာကိုလည်း သိအောင် လုပ်ဆောင်ရမည်။ မိမိတို့ကိုယ်တိုင်လည်း ရောက်အောင် သွားရမည်။ ဒါသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော နာယကဂုဏ် ခြောက်ပါးဖြင့် ကူညီမှု၊ ဖြေရှင်းမှု၊ ဆောင်ရွက်မှုများပင် ဖြစ်သည်။ သည်နေရာမှာ သည် အင်္ဂါရပ်များနှင့် အားလုံးအကျုံးဝင်နေသော ဇာတ်တော်တစ်ပုဒ်ကို အတုယူစေချင်သည့်အနေဖြင့် ဖော်ပြလိုပါသည်။
ဗုဒ္ဓသည် ခေါင်းဆောင်ကောင်းပီသသည်။ ကိုယ်တိုင် လေးဆယ့်ငါးဝါပတ်လုံး တစ်နေ့အိပ်ချိန် (၂) နာရီမျှလောက်သာ ကိုယ်ပိုင်အချိန်ထားပြီး အလုပ်များကို လုပ်ခဲ့သည်။ ဒါသည် သတ္တဝါများအတွက် ဖြစ်သည်။ မိမိအတွက်ဆိုလျှင်တော့ အထူး လုပ် စရာ မလိုတော့ပေ။ သုမေဓာဆိုသည့် ဘုရားအလောင်းဘဝဖြင့်ပင် မိမိအတွက်ကိုသာ ကြည့်မည်ဆိုလျှင် အာမခံချက်ရှိသွားပြီဖြစ်သည်။ သို့သော်ဘုရားဖြစ်ပြီး၊ မဖြစ်ခင်များမှာ ခေါင်းဆောင်ကောင်းပီသစွာ အလုပ်လုပ်ခဲ့သည်မှာ အတုယူစရာများသာ ဖြစ်သည်။ ယခုဗုဒ္ဓ ဟောကြား၊ သင်ကြားခဲ့သော ဖြစ်စဉ်များထဲမှ ထြ<ွကလုံ့လ ဝီရိယ၊ နိုးကြားမှု၊ မိမိ၏ လက်အောက်ငယ်သားများအပေါ် သနားကြင်နာမှု၊ သည်းခံမှုစွမ်းအား၊ ဝေဖန်ပိုင်းခြားနိုင်သည့် ပညာ၊ အားလုံးကို ခြုံငုံသုံးသပ်ပြီး မည်ကဲ့သို့ ကယ်တင်ရမည်ကို သိအောင် ထောက်လှမ်းပြီး အခြေအနေအရပ်ရပ်ကို ရှုမြင်လျှင် မိမိအောက်လက်ငယ်သားများအပေါ် ထမ်းဆောင်ခဲ့ပြီး မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ ထမ်း ဆောင်ခဲ့၊ တာဝန်ကျေခဲ့သော ပြယုဂ်ကို အနည်းငယ်ထုတ်ပြချင်ပါသည်။

အများအတွက် အသက်စွန့်သူ မျောက်မင်း

တစ်ခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းလုပ်အုပ်ချုပ်စဉ် ဘုရားအလောင်းသည် မျောက်မျိုးမှာ ဖြစ်ပြီး မျောက်အားလုံး၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။ ဟိမဝန္တာဂင်္ဂါမြစ်ကမ်းနံဘေးမှ သရက်ပင်၏ အရသာများကို စားသောက် နိုင်ရန် ဦးဆောင်သူအဖြစ် သွားခဲ့သည်။ သရက်ပင်မှြေ<ွကကျသော သရက်သီးကို စားသောက်ပြီး သရက်သီး၏ အရသာကိုကြိုက် နှစ်သက်ပြီး ဗြဟ္မဒတ်မင်းကြီးသည် သရက်ပင်ရှိရာသို့ သွားခဲ့သည်။ သရက်သီးများကို ခူးစားပြီး သရက်ပင်အောက်မှာပင် အိပ် ပျော်သွားခဲ့သည်။ ညဘက်ရောက်သောအခါ သရက်ပင်ပေါ်မှ မျောက်များကို တွေ့မြင်ရသောကြောင့် လေးသမားများအား သရက်ပင်ကို ဝိုင်းရန် တာဝန်ပေးလိုက်သည်။ မျောက်များသည် ကြံရာမရဖြစ်ကာ ဘာလုပ်လို့၊ ဘာကိုင်ရမှန်းမသိဘဲ ဖြစ်သွားသည်။ မကြာခင် ရန်သူများ၏ လက်ထဲသို့ ကျရောက်ရင်း သေပွဲဝင်ရမည်ကို တွေးကာ ကြောက်လန့်နေကြသည်။ သည်ဖြစ်အင်ကို သိမြင်သော ဘုရားလောင်းမျောက်မင်းသည် မိမိ၏ နောက်လိုက်မျောက်များအား အားပေးစကားပြောသည်။ ”ငါသည် သင်တို့အားလုံးကို ကယ်တင်မည်ဖြစ်ကြောင်း” ကတိပေးစကားလည်း ပြောလိုက်သည်။ ထိုသို့ပြောပြီး ဘုရားလောင်းမျောက်မင်းသည် သစ်ပင် အမြင့်ဆုံးကိုင်းအထိ တက်ပြီး ထိုအပေါ်မှ ဂင်္ဂါမြစ်တစ်ဖက်ကမ်းကို အားယူလျက် ခုန်လိုက်သည်။ ဘုရားလောင်းမျောက်မင်းသည် ချုံပုတ်တစ်ခုပေါ်သို့ ကျသွားသည်။ ထိုမှတစ်ဖန် ကြိမ်နွယ်တစ်ခုကို သစ်ပင်တစ်ခုမှာ ချည်နှောင်ထားခဲ့ပြီး အခြားတစ်စကို မိမိ၏ ခါး၌ ရစ်ပတ်ချည်နှောင်လိုက်ပြီး သစ်ပင်အမြင့်တစ်ခုသို့ တက်ကာ တစ်ဖက်ကမ်းရှိ သရက်ပင်ပေါ်သို့ အားအကုန်ထုတ်ကာ ခုန်ကူးလိုက်သည်။
ကြိမ်နွယ်သည် အနည်းငယ်တိုနေသဖြင့် သရက်ပင်တို့ မမီဘဲ ဖြစ်သွားသည်။ သို့သော်လည်း သရက်ကိုင်းတစ်ခုကို တော့ မြဲမြံစွာ ကိုင်ထားနိုင်ခဲ့သည်။ သို့အတွက်ကြိမ်နွယ်ကို မချည်နှောင်တော့ဘဲ မိမိခန္ဓာကိုယ်ပေါ်သို့ တက်ရောက်ပြီး ကြိုးမှတစ်ဆင့် အခြားတစ်ဖက်ကို ကြိမ်နွယ်မှတစ်ဆင့် ကူးသွားကြရန် မှာရင်း အားအင်ကို သုံးနေခဲ့သည်။ မျောက်များသည် တစ်ကောင်ပြီး တစ်ကောင် ဘုရားလောင်းမျောက်မင်းအား ရှိခိုးသွားကြရင်းမှ ကူးမြောက်သွားကြသည်။ မျောက်များအနေဖြင့် အလွန်များပြားသော ကြောင့် ဘုရားလောင်းမျောက်မင်းသည် မိမိအသက်ကို ဦးစားမပေး၊ ပဓာနမထားနိုင်တော့။ အသက်ကို စွန့်လွှတ်ပြီး သရက်ကိုင်းကိုသာ မြဲမြံစွာ ကိုင်ထားခဲ့သည်။
ထိုစဉ်အကောက်ကြံသမား၊ ယုတ်မာသော မျောက်တစ်ကောင်သည် ”ငါသည် ငါ့ရန်သူကို ပျက်စီးစေအံ့ဟု”ဟု တွေးကာ အမြင့်ဆုံးကိုင်းကို တက်ပြီး ဘုရားအလောင်းမျောက်မင်း၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ဟုန်ထိုး ခုန်ဆင်းချခဲ့လိုက်သည်။ ဘုရား လောင်းမျောက်မင်းသည် ထိုဒဏ်ရာကြောင့် နှလုံးသားကွဲကြေစွာပင် တစ်ကောင်တည်းကျန်ရစ်ခဲ့လေသည်။ ထိုဖြစ်အင်ကို မြင် တွေ့ခဲ့ရသော မင်းကြီးသည် အမျိုးအတွက် အသက်ပေးကာကွယ်စောင့်ရှောက်ကာ လုံ့လဝီရိယကို အားကုန်ထုတ်သွားသောဘုရား လောင်းမျောက်မင်းကို ငြမ်းဆင်ပြီး တက်ယူစေခဲ့သည်။ အသက်ရှင်ရန် ဆေးဝါးကုပေးသည်။ ထိုစဉ်အခါမှာ ဘုရားလောင်း မျောက်မင်းသည် မိမိ၏ ကျေးဇူးရှင်မင်းကြီးကို တရားစကားပြောကြားခဲ့သည်။
”မင်းဧကရာဇ်၊ အစိုးရတဲ့ သူတွေဟာ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို လုံ့လအားထုတ်ကာ ရှာဖွေပေးရမယ်၊ ပညာÓာဏ်အမြော်အမြင်နဲ့လည်း ပြည့်စုံရမယ်” ဆိုပြီး ဆုံးမစကားပြောသွားခဲ့သည်။ သို့သော်လည်း ဘုရားလောင်းမျောက်မင်းသည် ဒဏ်ရာအနေနှင့် အလွန်ပြင်းထန်သောကြောင့် ထိုခဏမှာပင် သေဆုံးသွားခဲ့ရသည်။
ဗုဒ္ဓသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဝေနေယျသတ္တဝါများကောင်းကျိုးအတွက် အသက်ပေးကာ ကြိုးစားခဲ့ရသော ဘဝများသည် အလွန်ပင် များပြားလှသည်။ သို့အတွက် အများ၏ ဦးဆောင်မှုကို ရယူထားသူများအနေဖြင့် အများကောင်းကျိုးအတွက် မိမိအသက်ကိုပင် ပဓာနမထားဘဲ လုံ့လဝီရိယရှိစွာနှင့် အစစအရာရာ မြော်မြင်သိမြင်သည့်အတိုင်း သနားမှု၊ သည်းခံမှု၊ ကိုယ်ကျိုးစွန့် နိုင်မှုများဖြင့် တက်တက်ြ<ွကြ<ွကလုပ်ဆောင်ရင်း အများ၏ စံပြအဖြစ်ကို ရယူနိုင်ဖို့ လိုသည်။

အဂတိတရား (၄) ပါး

အဂတိဆိုသည်မှာ မပြုလုပ်သင့်သည်ကို မပြုလုပ်အောင်၊ မလိုက်စားသင့်သည်ကို မလိုက်စားအောင် ပြုကျင့်ရမည့် တရားများဖြစ်ပြီး ထိုသည်နှင့် ပြောင်းပြန်ကျင့်သူများအနေဖြင့် လူယုတ်မာအဖြစ်သို့ အလိုလိုရောက်သွားမည်ကို မီးမောင်းထိုးပြထားသည့် ဗုဒ္ဓ၏ သင်ကြားမှုပင်ဖြစ်သည်။ အဂတိ လေးပါးကို မလိုက်စားဖို့၊ မပြုကျင့်ဖို့ ဗုဒ္ဓသည် အမြဲတမ်းလိုလို ဟောပြောသည်။ သင် ကြားခဲ့သည်။ မိမိကိုယ်တိုင်လည်း မလိုက်စား၊ မပြုကျင့်ခဲ့ပေ။ ဒါသည် ဘုရားဖြစ်တော်မူသည့်အခါ ပြုကျင့်သော လုပ်ရပ်များကအသိ သက်သေဖြစ်သည်။ ဒေဝဒတ်ကို ယောက်ဖဆိုပြီး နေရာမပေး၊ မိမိနှင့် ထိုက်သူသည်သာ အလိုလိုနေရာရခဲ့ကြသည်။ ဒါကို ဒေဝ ဒတ်က သဘောမကျ။ ဘာမျှဆွေမျိုးမတော်သည့် သာရိပုတြာ၊ မောဂ္ဂလာန်တို့ကို နေရာပေး၍ လက်ယာတော်ရံ၊ လက်ဝဲတော်ရံ ထားခဲ့သည်ကို ဒေဝဒတ်အနေဖြင့် မကျေနပ်။ သို့အတွက်အမျိုးမျိုးအဖုံဖုံ နေရာကို လုယူဖို့ ကြိုးစားသည်။ နောက်ဆုံးမိမိနှင့် မထိုက်တန်သည့် ဘုရားရှင်၏ ပရိသတ်ကိုပင် မိမိက ခေါင်းဆောင်ပြုလိုမှုဖြင့် ဘုရားကိုပင် သေကြောင်းကြံသည်အထိ အမျိုးမျိုး နှောက်ယှက်ခဲ့သည်။ သည်အဂတိ လေးပါးနှင့် ပတ်သက်ပြီး မြတ်စွာဘုရားရှင်သည် ပသေနဒီကောသလမင်းကြီးကို အများနှင့်
ဆိုင်သည့် တရားလေးပါးကို ဟောကြားတော်မူခဲ့ဖူးသည်။

အဂတိ လေးပါးနှင့် ပသေနဒီကောသလမင်းကြီး

အဂတိ လေးပါးဆိုသည်မှာ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဆိုသည့် လေးပါးဖြစ်သည်။ ဆန္ဒာဂတိ-ချစ်ခြင်းကြောင့် မလိုက်သင့်သည်ကို လိုက်ခြင်း။ မိမိလုပ်ရမည့် အလုပ်ကို မလုပ်ဘဲ အခြားသွေဖည်ပြီး ပြုကျင့်ခြင်းဖြစ်ပါသည်။ ဒေါသာဂတိ- မုန်းခြင်းကြောင့်၊ ဘယာဂတိ- ကြောက်ခြင်းကြောင့်၊ မောဟာဂတိ- မိုက်မဲတွေဝေခြင်း၊ မသိခြင်းကြောင့် မလိုက် သင့်သည်ကို လိုက်ခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်း၊ လမ်းမှားကို လျှောက်ခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် ထိုကဲ့သို့ မလုပ်သင့်သည်ကို လုပ်ခြင်း၊ မလိုက်သင့်သည်ကို လိုက်ခြင်း၊ လမ်းကြောင်းမှားကို အဂတိ တရားလေးပါးကို လိုက်ပြီး ပြုကျင့်သောသူသည် လဆုတ်ရက်များမှာ လသည် တဖြည်းဖြည်းလျော့ပါးခြင်း၊ ဆုတ်ယုတ်ခြင်းများ ဖြစ်သလို အဲသည်အဂတိ လေးပါးလိုက်စားသူသည်လည်း မင်းစည်းစိမ်၊ အခြံအရံ၊ ဂုဏ်သတင်းကျော်စောမှု၊ ပါဝါအာဏာ စသည်များသည် တစ်နေ့တခြားဆိုသလို လျော့ပါးခြင်း၊ ဆုတ်ယုတ်ခြင်းဖြစ်လာလိမ့်မည်ကို ဟောတော်မူသည်။ သင်ကြားတော်မူခဲ့သည်။ ဒီနေရာမှာ တစ်ဆက်တည်း ဆက်ဟောသည်ကား …
”မြတ်သော မင်းကြီး၊ သတိထား လူသတ္တဝါများအဖို့ ငါမေးမယ်။ သေခြင်းတရားကို ငါစစ်တိုက်ပြီး အနိုင်ယူမယ်၊ စစ်တိုက်လို့လည်း မရဘူး။ အနိုင်ယူလို့လည်း မရဘူး။ ရှိသမျှ ဥဿုံအလုံးစုံသော သတ္တဝါတို့ဟာ နောက်ဆုံးမှာ သေမင်းရဲ့ ခြေ ရင်းမှာ ဝပ်စင်းကြရတယ်။ သေကြရတယ်။ ဒါကြောင့် တမလွန်သွားကြရတဲ့ သတ္တဝါတွေအဖို့ မိမိပြုလုပ်တဲ့ ကောင်းမှုကုသိုလ်က လွဲရင် ထောက်ရာ၊ တည်ရာ၊ အားကိုးရာ ဘာမှ မရှိဘူး။ မိမိပြုလုပ်တဲ့ ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်သာလျှင် ထောက် ရာ၊ တည်ရာ၊ အားကိုးရာ မှီခိုကိုးစားအားထားရာ ရှိတယ်။ အသင်မင်းကြီးဟာ စည်းစိမ်းဥစ္စာအင်မတန် ကြီးတယ်။ ဘယ်လောက်ပဲ ကြီးပေမယ့် ဒါတွေကို တစ်နေ့တော့ စွန့်သွားရမယ်။ မင်းကြီးပိုင်တဲ့ စည်းစိမ်တွေကို သေချာစဉ်းစားကြည့်ရင် ဘာမှမဟုတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စွန့်သွားရမှာ ဖြစ်တယ်။ ဒါကြောင့်မင်းကြီးအနေနဲ့ ဒါတွေကို သိပြီး ကောင်းမှုကု သိုလ်တရားတွေကို မမေ့ထိုက်ဘူး” ဒါတွေကတော့ မင်းစည်းစိမ်ကို ယစ်မူးပြီး မလုပ်သင့်တာတွေ လုပ်မိမှာ၊ မလိုက်သင့်တာတွေကို လိုက်ခြင်း၊ မကျင့်သင့်တာတွေကို ကျင့်မှားပြီး အဂတိတရား လေးပါးကို ပြုကျင့်မှာ စိုးသည်ကြောင့် ဗုဒ္ဓအနေနှင့် ပသေနဒီ ကောသလမင်းကြီးကို သင်ကြားခဲ့ခြင်းဖြစ်ပါသည်။
သည်နေရာမှာ အထက်က ပြောခဲ့သော အဂတိတရားလေးပါးကို အနည်းငယ်ဆွေးနွေးကြည့်ဖို့ လိုမည်ထင်သည်။ အရေး ကြီးသော သင်ကြားချက်ဖြစ်သော အဂတိတရားလေးပါးမှ ဆန္ဒာဂတိ- ချစ်ခြင်းကြောင့် မလိုက်သင့်သည်ကို လိုက်ခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်း၊ မကျင့်သင့်သည်ကို ပြုကျင့်ခြင်း စသည်တို့မှာ နေရာတိုင်းလိုလို၌ ရှိနေသေးသည်။ ကိုယ့်လူမို့ ရွေး ချယ်ခြင်း၊ အတွင်းလူမို့ ခွင့်လွှတ်ခြင်း၊ ငါ့လူမို့ လက်ခံခြင်း၊ ငါ့အသိုင်းအဝိုင်း၊ ငါ့ဆွေမျိုးမို့ နေရာပေးခြင်းစသည့် လူကောင်းတစ် ယောက်၊ သို့မဟုတ် ခေါင်းဆောင်တစ်ယောက်အနေဖြင့် မလုပ်သင့်သည်ကို ပြုလုပ်ခြင်းစသည်တို့ ဖြစ်သည်။ ဆိုလိုသည်ကား ငါ ဆိုတဲ့ အတ္တကို စွန့်ပါ။ တကယ်တော်တဲ့ သူတွေကို ချီးမြှောက်ပါ။ နေရာပေးပါ။ ကျောသား၊ ရင်သား မခွဲခြားပါနဲ့။ ၄င်းတို့သည် အရေးကြီးသော တိုင်းပြည်တစ်ခုတည်ဆောက်မှု၏ သင်ကြားချက်ဖြစ်သည်။
ဒေါသာဂတိ- မုန်းခြင်းကြောင့် မလိုက်သင့်သည်၊ မလုပ်သင့်သည်၊ မကျင့်သည်ကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ဆိုလိုသည်ကား ငါနဲ့ မတည့်လို့၊ ငါနဲ့ အယူအဆ မတူလို့၊ ငါ့လူ မဟုတ်လို့၊ ငါ့ပြိုင်ဘက်မို့လို့ဆိုပြီး မလုပ်သင့်တာကို လုပ်ခြင်းလည်း ဖြစ်ပါသည်။ နေရာပေးရမှာကို မပေးခြင်း၊ အတင်းအကျပ်ပြစ်ဒဏ်ချမှတ်ခြင်း၊ နားလည်မှုမရှိခြင်းစသည်တို့ကို ပြုလုပ်ခြင်းမျိုးကို ဆိုလိုပါသည်။ ၄င်းနှင့် ပတ်သက်ပြီး မြန်မာ့အလင်းသတင်းစာထဲမှ သမ္မတကြီး၏ စကားကိုပဲ ပြန်လည်ကိုးကားဖော်ပြလိုပါသည်။
”ဖွဲ့စည်းပုံအခြေခံဥပေဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများကိုလည်း သဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေ လျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအစိုးရဖြစ် နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားရပါမယ်။ ပြည်သူလူထုစိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားအားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက်စွဲကိုင်ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးအာဏာဟာ ပြည်ထောင်စုတစ်ဝန်းလုံးမှာ တည်ရမှာ ဖြစ်ပါတယ်” သည်နေရာမှာ သူပြောသွားတဲ့ တာဝန်သိမှု၊ တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ် တဲ့။ ဟုတ်ပြီ။ သည်လိုဆိုလျှင် အဂတိ လေးပါးဆိုတာ မပြုလုပ်သင့်တာတွေကို ပြုလုပ်ခြင်း၊ မလိုက်စားသင့်တာတွေကို လိုက်စားခြင်း၊ အကျင့်ပျက်ခြစားခြင်းများကို ဘယ်လိုအရေးယူဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်သလို အယူအဆမတူတဲ့ ပုဂ္ဂိုလ်တွေအပေါ် ဘယ်လိုပြုမူသွားမလဲဆိုတာတွေကိုလည်း လေ့လာကြရတော့မည်၊ သိရှိကြရတော့မည် ဖြစ်ပါသည်။
နောက်တစ်ခုကတော့ ဘယာဂတိ- ကြောက်ခြင်းကြောင့် မလုပ်သင့်တာကို လုပ်ခြင်းဖြစ်သည်။ ငါ့ထက် ကြီးလို့၊ ငါ့ထက် အာဏာပါဝါ၊ ဂုဏ်ထူး၊ နေရာကြီးလို့၊ ဒါမှမဟုတ် ငါဒါကို လုပ်လိုက်ရင် တစ်ခုခုဖြစ်မှာ စိုးလို့၊ ဒါမှမဟုတ် ရရှိထားတဲ့ စည်းစိမ်လေး၊ အာဏာလေးမှ လျှောကျသွားမှာ စိုးလို့ဆိုပြီး ကြောက်ခြင်းကြောင့် မလုပ်သင့်တာကို လုပ်ခြင်း၊ လုပ်ရမှာကို မလုပ်ခြင်းတို့ဖြစ် သည်။ စဉ်းစားတွေးခေါ်မှုမရှိဘဲ အထက်ကဆိုသည့် အမိန့်နှင့် မှားနေမှန်းသိသည်ကို မှားမှန်းသိသိကြီးဖြင့် အထက်ကို ကြောက် ၍ဟုဆိုပြီး လုပ်ခြင်းမျိုးဖြစ်သည်။ ဒါသည် အားလုံးနှင့် ဆိုင်သည်။ သင်နှင့်လည်း ဆိုင်သည်။ ငါနှင့်လည်း ဆိုင်သည်။ တစ်တိုင်းပြည်လုံးနှင့် ဆိုင်သည်။ အရေးလည်း ကြီးပါသည်။ အမှား၊ အမှန်သည် ပညာအပေါ်မှာ တည်ပါသည်။ ပညာကို မှီပြီး သိနိုင်ပါသည်။ ကြောက် ခြင်းကြောင့်ဆိုသည့် အာဏာကို မတွန်းလှန်ခြင်းမျိုးကြောင့် မပြုလုပ်သင့်သည်ကို မပြုလုပ်မိအောင် ဗုဒ္ဓသည် ပသေနဒီကောသလ မင်းကြီးအား ဘယာဂတိဆိုသည့် ကြောက်ခြင်းကြောင့် မလုပ်သင့်သည်ကို လုပ်မိခြင်း၊ မလိုက်သင့်သည်ကို လိုက်မိခြင်း၊ မကျင့်သင့် သည်ကို ကျင့်မိခြင်းများ ဖြစ်မည်စိုး၍ သင်ကြားခဲ့ခြင်း ဖြစ်ပါသည်။
နောက်ဆုံးတစ်ခုကတော့ မောဟာဂတိ- မသိခြင်းကြောင့်၊ မိုက်မဲခြင်းကြောင့် မလုပ်သင့်၊ မလိုက်သင့်၊ မပြုကျင့်သည်များကို ပြုလုပ်မိခြင်းများ ဖြစ်ပါသည်။ ဒါသည်လည်း အရေးကြီးပါသည်။ ပညာနှင့် အနည်းငယ်ဆိုင်လိမ့်မည်။ ဘာမျှ နားမလည်ဘဲတော်သလား၊ မတော်သလား၊ ကောင်းသလား၊ မကောင်းဘူးလား နားမလည်ဘဲ မပြုလုပ်သင့်သည်ကို ပြုလုပ်ခြင်းမျိုးဖြစ်သည်။ အဖွဲ့အစည်းတွင် ပညာရှိများကို ချဉ်းကပ်ခြင်းသည် အရေးကြီးသည်။ ပညာရှိကသာလျှင် အရာရာကို ဆုံးဖြတ်နိုင်ပါလိမ့်မည်။ ပညာမဲ့သူကတော့ ငါကိုသာ ရှေ့တန်းတင်မည်ဖြစ်ပြီး ဘာမျှ နားမလည်ဘဲ မလုပ်သင့်သည်များကို ပြုလုပ်တတ်ကြသည်။ သို့အတွက် အဖွဲ့တိုင်းလိုလိုမှာ အကြံပေးဆိုတာမျိုးတွေ ထားရှိသည်။ အဆိုပါသူများသည် မင်းနှင့် ပြည်သူအကြား နားလည်မှုရှိရမည်။ ပြည်သူအရေးကို ကောင်းမွန်စွာ၊ နိုင်ငံရေးကိုလည်း နားလည်စွာ သိရှိရမည်ဖြစ်သည်။ ခေတ်ကို ရင်ပေါင်တန်းနိုင်သည့် ပညာရေးကိုလည်း သိရမည်ဖြစ်သည်။ ပညာတတ် လူတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါသည်။ ဒါမှသာလျှင် လုပ်သင့်၊ မလုပ်သင့်သည်ကို ဆုံးဖြတ်နိုင်စွမ်း ရှိပါလိမ့်မည်။ အဲသည်လို မဟုတ်ဘဲ ဘာမျှမသိနားမလည်ဘဲ မိုက်မဲတွေဝေခြင်းဖြင့် မလုပ်သင့်သည်များကို လုပ်ခြင်းမျိုးများဖြစ်မည်ကို ဗုဒ္ဓအနေဖြင့် သင်ကြားခဲ့ခြင်းဖြစ်သည်။ ပညာရှိသူကသာလျှင် ချမ်းသာမှုကို ပေးနိုင်သည့် အမှန်သိမြင်နိုင်သူဖြစ်သည်။ နောက်တစ်ခု အကျင့် ပျက်ခြစားမှုနှင့် ပတ်သက်ပြီး လာဘ်လာဘဆုတ်ယုတ်လာသော တိတ္ထိများအနေဖြင့် အသပြာတစ်သိန်းနှင့် လာဘ်ထိုးကာ ဗုဒ္ဓ၏ ကျောင်းဆောင်အနီးတွင် ကျောင်းဆောက်ခွင့်ပေးခဲ့သော ကောသလမင်းကြီးကို အကြောင်းပြုပြီးဟောခဲ့သော တရားတစ်ပုဒ်၊ သင်ကြား ချက်တစ်ခုကို တင်ပြပေးပါမည်။

Special Thanks >>>Ever Learner (http://mmshare.org/)
Credit >>>မောင်မင်းစိုး
Source >>>http://www.shwenantthar.net/2011/10/blog-post_26.html